School Discipline

ပင်မကိုယ်ပိုင်အထက်တန်းကျောင်း၊ မန္တလေးမြို့ အဆောင်နေကျောင်းသား/ ကျောင်းသူများလိုက်နာမည့်စည်းကမ်းများ

၁။ ကျောင်းသား/ ကျောင်းသူများသည် အဆောင်အုပ်ချုပ်သူ ဆရာ၊ဆရာမညွှန်ကြားသည့်အတိုင်းစာသင်ခန်းသို့အချိန်မှီ ရောက်ရအမည်။

 

၂။ ကျောင်းသား/ ကျောင်းသူများသည် သတ်မှတ်ထားသောပင်မကျောင်း၀တ်စုံ တစ်မျိုးတည်းကိုသာ ၀တ်ဆင်၍စာသင်ခန်းသို့လာရမည်။

 

၃။ ကျောင်းစီးရှူးဖိနပ်၊ ကင်းဘတ်ဖိနပ် (သို့မဟုတ်) ညှပ်ဖိနပ်အပါးသာစီးရမည်။

၄။ ကျောင်းသားများသည် ဆံပင်ကို ဘိုကင်တိုတိုပါးပါးသာ ထားရမည်ဖြစ်ပြီး ဆံပင်အရောင်ဆိုးခြင်း၊ နားဖောက်ခြင်း၊ နားကပ်ပန်ခြင်း၊ ပုဆိုးချက်ပြုတ်၀တ်ခြင်းများ လုံး၀ခွင့်ပြုမည်မဟုတ်ပါ။

 

၅။ ကျောင်းသူများသည် ဆံပင်အရှည် (လည်ကုတ်အကျော်) ထားပါက အနက်ရောင် ခေါင်းစည်းနှင့်စည်းနှောင်ထားရမည်။ နဖူးပေါ်သို့ ဆံပင်မကျရ။ အနက်ရောင်ကလစ်နှင့်ထိုးတွယ်ထားရမည်။ ခေါင်းလျှော်ပြီးပါက ဆံပင်ကို တဘက် (သို့) လေမှုတ်စက်ဖြင့် ခြောက်သွေ့အောင်ပြုလုပ်ရမည်။ ဆံပင်ဖားလျားချခြင်းလုံးခွင့်ပြုမည်မဟုတ်ပါ။ မျက်နှာကို သနပ်ခါးမှလွဲ၍ မည်သည့်အလှပြင် ပစ္စည်းမျှ လိမ်းချယ်ခွင့်မပြုပါ။ လက်သည်းခြေသည်းများအရှည်ထားခြင်း၊ ဆေးဆိုးခြင်းတို့ကိုလည်း လုံး၀ခွင့်ပြုမည်မဟုတ်ပါ။

 

၆။ အတန်းထဲတွင် အုပ်ချုပ်သူဆရာဆရာမများ၊ သင်ကြားပြသသည့် ဆရာဆရာမများ၏ညွှန်ကြားမူများကိုတိကျစွာလိုက်နာရမည်ဖြစ်ပြီး ဆရာဆရာမများကိုမလေးစားသည့် အမူအရာပြသခြင်း လုံး၀မပြုလုပ်ရ။

 

၇။ စာသင်ချိန်၊ စာကြည့်ချိန်များတွင် စကားများခြင်း၊ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ အိပ်ငိုက်ခြင်း လုံး၀မပြု လုပ်ရ။ မကျေနပ်ချက်ရှိပါက အုပ်ချုပ်သူ ဆရာဆရာမများကို တိုင်ကြားပြီးဖြေရှင်းရမည်။

စာကျက်သည့်အခါဘေးလူအနှောက်အယှက်မဖြစ်အောင် ကျက်ရမည်။

 

၈။ အတန်းတွင်းနေ့စဥ်လေ့ကျင့်သည့်အခါ၌လည်းကောင်းသတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာလေ့ကျင့်ဖြေဆိုရမည်။

ပင်မကိုယ်ပိုင်အထက်တန်းကျောင်း၊ မန္တလေးမြို့ နေ့အထူး ကျောင်းသား/ ကျောင်းသူများလိုက်နာမည့်စည်းကမ်းများ

၁။ ကျောင်းသား/ကျောင်းသူများသည် ကျောင်းသို့ ကျောင်းတတ်ချိန်ထက် အနည်ဆုံး (၁၅)မိနစ်စော၍ ရောက်ရမည်။

၂။ ကျောင်းသား/ကျောင်းသူများသည် သတ်မှတ်ထားသော ပင်မကျောင်း၀တ်စုံ တစ်မျိုးတည်းကိုသာ ၀တ်ဆင်၍ ကျောင်းသို့လာရမည်။

၃။ ကျောင်းစီးရှူးဖိနပ်၊ ကင်းဘတ်ဖိနပ် (သို့မဟုတ်) ညှပ်ဖိနပ်အပါးသာ စီးရမည်။

၄။ ကျောင်းသားများသည် ဆံပင်ကို ဘိုကေတိုတိုပါးပါးသာ ထားရမည်ဖြစ်ပြီး ဆံပင်အရောင်ဆိုးခြင်း၊ နားဖောက်ခြင်း၊ နားကပ်ပန်ခြင်း လုံး၀ခွင့်ပြုမည်မဟုတ်ပါ။ ပုဆိုးကိုလည်း စနစ်တကျ၀တ်ဆင်ရမည်။

၅။ ကျောင်းသူများသည် ဆံပင်အရှည် (လည်ကုတ်အကျော်) ထားပါက အနက်ရောင် ခေါင်းစည်းနှင့် စည်းနှောင်ထားရမည်။ နဖူးပေါ်သို့ ဆံပင်မကျရ။ အနက်ရောင်ကလစ်နှင့် ထိုးတွယ်ထားရမည်။ ခေါင်းလျှော်ပြီးပါက ဆံပင်ကို တဘက် (သို့) လေမှုတ်စက်ဖြင့် ခြောက်သွေ့ အောင်ပြုလုပ်ရမည်။ ဆံပင်ဖားလျားချထားခြင်း လုံး၀ခွင့်ပြုမည်မဟုတ်ပါ။ မျက်နှာကို သနပ်ခါးမှလွဲ၍ မည်သည့် အလှပြင် ပစ္စည်းမျှ လိမ်းချယ်ခွင့် မပြုပါ။ လက်သည်းခြေသည်းများ အရှည်ထားခြင်း၊ ဆေးဆိုးခြင်းတို့ကို လည်းလုံး၀ခွင့်ပြုမည်မဟုတ်ပါ။

၆။ အတန်းထဲတွင် အုပ်ချုပ်သူ ဆရာဆရာမများ၊ သင်ကြားပြသသည့် ဆရာဆရာမများ၏ ညွှန်ကြားမှုများကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး ဆရာ၊ ဆရာမများကို မလေးစားသည့် အမူအရာ ပြသခြင်း လုံး၀မပြုလုပ်ရ။

၇။ စာသင်ချိန်၊ စာကြည့်ချိန်များတွင် စကားများခြင်း၊ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ အိပ်ငိုက်ခြင်း လုံး၀မပြုလုပ်ရ။ မကျေနပ်ချက်ရှိပါက အုပ်ချုပ်သူ ဆရာ၊ ဆရာမများကို တိုင်ကြားပြီးဖြေရှင်းရမည်။ စာကျက်သည့်အခါ ဘေးလူ အနှောက်အယှက် မဖြစ်အောင် ကျက်ရမည်။

၈။ အတန်းတွင်းနေ့စဥ်လေ့ကျင့်သည့် အခါ၌လည်းကောင်း၊ စာမေးပွဲဖြေဆိုသည့်အခါ၌လည်းကောင်း၊ သတ်မှတ်စည်းကမ်းများနှင့် အညီ လိုက်နာလေ့ကျင့်ဖြေဆိုရမည်။

၉။ ကျောင်တွင် ဆေးလိပ်သောက်ခြင်၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ မူးယစ်ရမ်းကားခြင်း လုံး၀မပြုရ။

၁၀။ အတန်းတွင်းပြစ်မှုတစ်ခုခု ကျူးလွန်ပါက အုပ်ချုပ်သူ ဆရာဆရာမများကပေးသည့် အပြစ်ဒဏ်ကို ပထမဦးစွာ ခံယူရမည်ဖြစ်ပြီး အုပ်ထိန်းသူမိဘများကို ပထမအကြိမ် တွေ့ဆုံသတိပေးမည်။ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက အုပ်ထိန်းသူမိဘများကို ဒုတိယအကြိမ်ထပ်မံတွေ့ဆုံ သတိပေးမည်။ တတိယအကြိမ်ဖြစ်ပါက ကျောင်းမှ ထုတ်ပယ်သည်ထိ အရေးယူခံရမည်။

၁၁။ ကျောင်းသားနှင့်ကျောင်းသူ မရိုးသားသည့် စကားအပြောအဆို၊ အပြုအမူတွေ့ရှိပါက သတိပေးခြင်းမရှိဘဲ ကျောင်းမှထုတ်ပယ်သည်ထိ အရေးယူခံရမည်။

၁၂။ တက်တူးထိုးထားသော ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံမည် မဟုတ်ဘဲ ကျောင်းအပ်ပြီးမှ တက်တူးထိုးထားသည်ကို တွေ့ရှိပါကလည်း ကျောင်းမှအပြီးထုတ်ပယ်မည်ဖြစ်ပါသည်။

၁၃။ အုပ်ချုပ်သူ ဆရာဆရာမများ၏ ခွင့်ပြုချက်မရဘဲ မည်သည့်ကျောင်းသားကျောင်းသူကိုမျှ ကျောင်း၏ပြင်ပသို့ လုံး၀မထွက်ရ။ တိတ်တဆိတ်ထွက်ခွာသွားပါက လုံး၀ပြန်လည်လက်ခံမည်မဟုတ်ပါ။

၁၄။ အုပ်ချုပ်သူ ဆရာဆရာမများ၏ခွင့်ပြုချက်မရဘဲ မည့်သည့်ကျောင်းသားကျောင်းသူကိုမျှ မိဘများက ပြင်ပသို့ ခေါ်ဆောင်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း မပြုရ။

၁၅။ အကြောင်းတစ်စုံတစ်ရာကြောင့် ကျောင်းပျက်ကွက်လိုပါက သက်ဆိုင်ရာ အတန်းပိုင်ဆရာ၊ ဆရာမထံသို့ ခွင့်စာပေးပို့ တိုင်ကြားရမည်။

၁၆။ ကျောင်းသင်ခန်းစာနှင့် မသက်ဆိုင်သော စာအုပ်စာတန်းများ၊ ပစ္စည်းများ၊ ပို့စကဒ်များ၊ အော်တိုစာအုပ်များ၊ MP3, MP4, Phone, Cameraနှင့် အခြားကစားစရာပစ္စည်းများ၊ ချွန်ထက်ထိရှနိုင်သောပစ္စည်းများကို ကျောင်းသို့ ယူဆောင်လာခြင်းမပြုရ။ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ၀ယ်ခိုင်းမှာယူခြင်းလည်း မပြုရ။ တွေ့ရှိခဲ့လျှင်အုပ်ချုပ်သူ ဆရာဆရာမများက သိမ်းဆည်းပြီး လုံး၀ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

၁၇။ လက်၀တ်ရတနာနှင့် အခြားအဖိုးတန်ပစ္စည်းများကို ကျောင်းသို့ယူဆောင်လာခြင်း၊ ၀တ်ဆင်ခြင်း မပြုရ။

၁၈။ ကူးစက်တတ်သည့် ရောဂါရှိသူများကို ကျောင်းအပ်လုံး၀လက်မခံပါ။ မိမိတွင်ဖြစ်တတ်သော၀ေဒနာများကိုကျောင်းအပ်စဥ်ကတည်းက အုပ်ချုပ်သူဆရာဆရာမများကို သေချာရှင်းလင်းပြောပြထားပါ။

၁၉။ ကျောင်းချိန်အတွင်း ကျန်းမာရေးမကောင်းပါက အုပ်ချုပ်သူဆရာဆရာမများကို ချက်ချင်းအကြောင်းကြားပါ။

၂၀။ ကျောင်းသားကျောင်းသူများသည် ကျောင်းက အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်းများကိုလည်း လိုက်နာရမည်။

၂၁။ ကျောင်းသားကျောင်းသူများသည် ကျောင်းစတင်ဖွင့်ချိန်မှစ၍ နောက်ဆုံးစာမေးပွဲကြီးပြီးဆုံးသည်အထိ ကျောင်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး ကျောင်းကစစ်ဆေးသော စာမေးပွဲအားလုံးကို ဖြေဆိုရမည်။

၂၂။ ပညာသင်စရိတ်၏ ပထမအရစ်ပေးသွင်းမည့်ငွေကို ကျောင်းအပ်သည့်နေ့တွင် ပေးသွင်းရမည်ဖြစ်ပြီး ဒုတိယအရစ်ပေးသွင်းရမည့် ငွေကို ဇွန်လ (၁၅) ရက်နေ့တွင် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပါသည်။

၂၃။ ကျောင်းစည်းကမ်းဖောက်ဖျက်၍ ကျောင်းကထုတ်ခံရလျှင်ဖြစ်စေ၊ မိမိဆန္ဒအလျောက် ကျောင်းကထွက်လျှင်ဖြစ်စေ ပညာသင်စရိတ်သွင်းပြီးငွေကို လုံး၀(လုံး၀) ပြန်အမ်းမည်မဟုတ်ပါ။